လှိုက်လှဲစွာကြိုဆိုပါသည် ညီသူ welcome to my page created by nyithu
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်
photobucket ဒီအိမ်လေးကိုရောက်လို့ သင့်အတွက်တစ်ခုခု ရသွားရဲ့လာ နောင်တ အပါဝင်ပေါ့
Monday, 28 May 2012
BLOG HTML ကုတ်များ ၃
နည်းပညာ ဥယျာဉ် မှ လှိုက်လှဲစွာကြိုဆိုပါသည်
အဲဒီလိုလေး လုပ်ချင်ရင် အောက်ပါကုတ်လေး ကို ကူးပြီး
html နေရာလေးကို နှိပ်ပြီးထည့် လိုက်ပါ ပြီးရင် တင်လိုက်ပါ..
အဆင်ပြေကြပါစေ ဆန္ဒများစွာဖြင့် ဘလော့ဂါ ညီသူ
<marquee behavior="scoll" bg="" style="color: #2efe2e;">နည်းပညာ ဥယျာဉ် မှ လှိုက်လှဲစွာကြိုဆိုပါသည်
</marquee>
နည်းပညာ ဥယျာဉ် မှ ကြိုဆိုပါသည် ဆိုတဲ့  စာသားနေရာ မှာ ကြိုက်နှစ်သက်ရာ ထည့် နိုင်သည်..
BLOG HTML ကုတ်များ ၂
ညီသူ
ညီသူ
ညီသူ
ညီသူ
ညီသူ
အဲဒီလိုလေး ရေးချင်ရင်ပေါ့ 
အောက်ပါ ကုတ်လေး တွေ ကို ကူးပြီး ရေးလို့ ရပါတယ်
ကွန့် မန် ပေးတဲ့ တဲ့ နေရာ မှာ ရော မိမိ ဥာဏ်ရှိသလို အသုံးပြု လို့ ရပါသည်
ညီသူဆိုတဲ့ နေရာမှာ ကြိုက်ရာ အစားထိုးလို့ ရပါသည်
ကုတ်လေးများကတော့
ညီသူ
ညီသူ
ညီသူ
ညီသူ
ညီသူ
အသုံးပြုနည်းက
ကော်ပီကူး ကွန်မန့် မှာ သုံးမယ် ဆိုရင် html ဆိုတာ ကို နှိပ်ပြီး ထည့် ပြီး တင်လိုက်ယုံပဲ
အဆင်ပြေကြပါစေဗျာ ..မူရင်း ကုတ် ရေးသား သူများ ကို လေးစားလျက်
ဘလော့ ဂါ ညီသူ
BLOG HTML ကုတ်များ
ညီ အကို ဘော်တာ တစ်ယောက် မေးတာ လေး ကို
သတိရ လို့  မှတ်တမ်းအနေ နဲ့  ရော နောက် ကို လိုချင်ရင် အလွယ်တကူ
ရှာလို့ ရအောင် အတွက် တင်လိုက်ခြင်း ဖြစ်ပါတယ်
ဘာလေးလဲဆိုတော့ ကာ မိမိဘလောက် မှာ နှင်းပွင့် တွေ ကျလာအောင် ပြုလုပ် တဲ့ ကုတ်လေးပါ
ကုတ်လေး ကို ကော်ပီ ကူးပြီး
Layout ရဲ့ Add a Gadget က HTML/JAVA ထဲမှာ ထည့်လိုက်ရင် ရပါပြီ။
အောက်ပါကုတ်လေးက နှင်းပွင့် ကုတ်လေး ဖြစ်ပါသည်..
ကုတ် ၁ ။ ။
ကုတ် ၂ ။ ။
ကုတ် ၃ ။ ။ အောက်ကုတ်လေးက သစ်ရွက်တွေ ကျအောင် လုပ်တဲ့ ကုတ်လေးပါ
Saturday, 26 May 2012
window xp မှာ window 7 စတိုင်လ်ကတ်ရှာ လေး သုံးကြည့် မယ်
XP သမားတွေအတွက် ပါ
W7 ကတ်ရှာ လေးသုံးချင်ရင် အောက်ဖိုင်လေးကိုဒေါင်းလိုက်ပါ
ပြီးရင်ဖြည်လိုက်ပါ
အပုံ လေးကို ကြည့် လိုက်ပါ
အပုံထဲက အတိုင်းဖိုင်လေး ထဲက
install ဖိုင်စက်သွားပုံလေးနဲ့ ဖိုင်ကို ရိုက်ကလစ် install  ကို နှိပ်လိုက်ပါ..
ပြီးရင်
start ကနေ control panel ကို ဖွင့်  အဲဒီမှာ mouse ဆိုတာကို နှိပ်လိုက်
ပုံလေးကို ကြည့် လိုက်ဦး
ပွိုင့် တာ နေရာကို နှိပ်
ပြီးရင် scheme ဘေးကနေ aero cursors ကို ရွေး ပြီး ရင် အောက် က နေရာလေးမှာ မိမိ နှစ်သက်ရာ
w7ကတ်ရှာ လေးကို နှိပ် အိုကေ ပေးပြီး သုံးလို့ ရပါပြီး။
အဆင်ပြေကြပါစေ ဆန္ဒများစွာဖြင့် ဘလော့ဂါ ညီသူ
ဖိုင်လေးဒေါင်းလိုက်ပါဦး
Desktop ပေါ်မှ ပြန်ကျဲ နေတဲ့ ဓါတ်ပုံ ဖိုင်တွေ ကို အော်တို စုမယ်
ဒီဟာလေးကို သုံးကြည့် ပါ ကြိုက်လိမ့် မယ် လို့ မျှော်လင့် ပါတယ်
မိမိ ကွန်ပြူတာ မျက်နှာပြင်ပေါ်မှာ ပြန့် ကျဲနေတဲ့ ဓါတ်ပုံ တွေကို အလွယ်တကူ အော်တို စု ခိုင်းလို့ ရအောင်
ပြုလုပ်ထားတာလေးဖြစ်ပါသည်..
မသိသေး မရှိသေးတဲ့ လူများအတွက် ရည်ရွယ်ပါသည်
ဖိုင်လေးကိုဒေါင်းပြီး စက်ပေါ်ဖြည်ချလိုက်ပါ
save file to photo ဆိုတဲ့ စက်သွားပုံ လေးကိုတွေ့ မယ်
အဲဒါလေးကို ကလစ်၂ချက်နှိပ်လိုက်ပါ
ပြီးရင် မိမိ ကွန်ပြူတာမျက်နှာပြင် ပေါ်က ဓါတ်ပုံတွေ photo ဆိုတဲ့ ဖိုဒါအသစ် ထဲရောက်နေတာ တွေ့ ရလိမ့် မယ်
အိုကေ အဆင်ပြေကြပါစေဗျာ .. ဆန္ဒများစွာဖြင့် ဘလော့ဂါ ညီသူ
Window လေးနေတာ ကို ဒါလေးသုံးပြီးမြန်အောင်လုပ်ကြည့် မယ်
မိမိကွန်ပြူတာမှာမလိုအပ်တဲ့ ဖိုင်တွေ လိုအပ်နေတဲ့ ဖိုင်တွေပြင်ဆင်ပေးတဲ့ ဆော့ ဝဲလ်လေးပါ
ဒီဟာလေးသုံးလိုက်ရင် မိမိ စက် အရင်ကထက် ပိုမိုကောင်းမွန်လာတာ တွေ့ ရမှာပါ..
ညီ သုံးကြည့် တာတော့ မဆိုးပါဘူးကောင်းတယ်..
အဆင်ပြေကြပါစေ..ဆန္ဒများစွာဖြင့် ဘလော့ဂါ ညီသူ
စိတ်ဝင်စားရင် အောက်မှာ ဒေါင်းလိုက်ပါ...
G-TALK ချက်ဘောက် ဘက်ဂရောင်းပြုလုပ်ခြင်း
မိမိ ကိုယ်ပိုင် ကွန်ပြူတာ နဲ့ ချက်တင်သမား တွေ အတွက် မိမိ ဂျီတော့ ချက်ဘောက် လေးကို
အပုံလေး ထည့် ပြီး အသုံးပြုနည်းလေး ပြောချင်ပါတယ်..သိပြီးသူများရှိမယ် ထင်ပါတယ်
မသိသေးမရှိသေးတဲ့ လူများအတွက် ရည်ရွယ်ပါတယ်..ညီလုပ်ထားတဲ့ ဒီဇိုင်းလေး ကို အရင်ကြည့် လိုက်ပါဦး
မိမိ ဥာဏ်ရှိသလို ဖိုတိုရှော့ သုံးပြီး ပြုလုပ်လို့ ရပါတယ်..
နမူနာ ပုံလေး က
အိုကေ ကြိုက်ရင် စလိုက်ရအောင်..
အဆင့်  ၁။။။ RUN ကို ခေါ်လိုက် run ကို start ကနေပြီး နှိပ်လိုက်ရတယ် နောက်ခေါ်နည်းက window key နဲ့  r ကို တွဲနှိပ်ရင် run ဘောက် ပေါ်လာမယ်..
အဆင့်  ၂။။   Local Settings\Application Data\Google\Google Talk\themes\system\chat\ClassicPicture\Contents\Resources
အထက်ပါစာသားကို တစ်လုံးမကျန်အောင် ထည့်  ပြီးရင် အိုကေ နှိပ်လိုက်..ဒီလိုပုံလေး ပေါ်လာမယ် xp ၀င်းဒိုးမှာနော် w 7 လဲရတယ် ..
ပြီးရင် မိမိ ကြိုက်ရာ ဓါတ်ပုံ တစ်ခု ကို အခုမြင်ရတဲ့  ဖိုင် ထဲ ထည့် လိုက်
ခြောက် ဖိုင် ဖြစ်သွားမယ် ဓါတ်ပုံ ကို မှတ်မိလွယ်တဲ့  နာမည် တစ်ခုပေးထားဗျာ..
အိုကေ ဆက်မယ်..
အဆင့်  ၃။။ အဲဒီ ဖိုင်တွေ ထဲက main ဖိုင် ကို ရိုက်ကလစ် open with notepad နဲ့ ဖွင့် လိုက်ပါ..
အခုလိုပေါ်လာပြီး
ဒီစာသားလေးကို ရှာလိုက်ပါ..
BODY {
margin: 6px;နောက်မှာ  ဒီစာသားလေး ကို ထည့် လိုက်
background-image: url(N2
.jpg)
N2 နေရာမှာ မိမိ ဓါတ်ပုံ နာမည်လေးကို အစားထိုး ပေးလိုက်ပါ..
ဓါတ်ပုံ က jpg အမျိုးစား မှ ရ မယ်နော် သတိပေးတာ..
ပြီးရင် notepad ဖိုင် က နေ save နှိပ်လိုက် ပြီးရင် ချက်ဘောက် ကို
ဖွင့် ကြည့် လိုက်ပါ..
မိမိ ထည့် ထားသော အပုံလေး ကို ချက်ဘောက် မှာ မြင်တွေ့ ရမှာဖြစ်ပါသည်..
အဆင်ပြေကြပါစေ .. ဆန္ဒများစွာဖြင့်  ဘလော့ဂါ ညီသူ
Monday, 21 May 2012
ဗုဒ္ဒဘာသာ ဆိုတာ ဘာကို ခေါ်သလဲ
"ဆရာတော်ဘုရား၊ ဗုဒ္ဓဘာသာဆိုတာ ဘာကိုခေါ်ပါသလဲဘုရား၊ ဘာသာခြားတစ်ဦးဦးက မေးလာလျှင် မည်သို့ ဖြေရမှာပါလဲဘုရား တိုတိုရှင်းရှင်းနဲ့ နားလည်အောင် ပြန်ပြောပြနိုင်အောင် ဖြေဆိုတော်မူပါဘုရား၊
ဆရာတော်ဘုရားကို ဆရာလုပ်တာ မဟုတ်ပါဘုရား၊
အချို့က ဗုဒ္ဓဘာသာဆိုတာ -
(၁) ကံ၊ ကံရဲ့ အကျိုးကို ယုံကြည်ရမယ်၊
(၂) အတိတ်ဘဝ ရှိတယ်လို့ ယုံကြည်ရမယ်၊
(၃) ဘဝရဲ့ ချုပ်ငြိမ်းရာ နိဗ္ဗာန် ရှိတယ်လို့ ယုံကြည်ရမယ် - လို့ အမိန့်ရှိပါတယ်။"
"အချို့က 'ဗုဒ္ဓဘာသာ' ဆိုတာ ဗုဒ္ဓဆိုတာ ဘုရား၊ ဘာသာဆိုတာ အယူဝါဒ၊ ဘုရားရဲ့ အယူဝါဒလို့ ဖြေဆိုကြပါတယ်ဘုရား။"
"အချို့ကလည်း သာသနာဆိုတာ အဆုံးအမ၊ ဘုရားရဲ့ အဆုံးအမ၊ သာသနာကို ဗုဒ္ဓဘာသာခေါ်ကြောင်း ပြောကြပါတယ်ဘုရား၊ တပည့်တော်က ဗုဒ္ဓဘာသာ သာသနာကို အသေးစိတ် သေသေချာချာ သိချင်နေ ပါတယ်ဘုရား။ ဆရာတော်ဘုရား ဖြေကြားပေးပါဘုရား"
"အံမလေး၊ အမေးသာပြောရတယ်၊ အဖြေတွေကလည်း စုံလို့ပါလား၊ ဘုန်းကြီးက ဘယ်လိုဖြေရမှန်းတောင် မသိတော့ပါဘူး"
"ဆရာတော်က တပည့်တော်နားလည်အောင် ဖြေပါဘုရား၊ အဲဒီအဖြေတွေကို စိတ်တိုင်းမကျလို့ ဆရာတော်ဘုရားကို ထပ်မံမေးလျှောက်ခြင်းပါဘုရား"
"အင်း ... ဘုန်းကြီးဖြေမှ ပိုရှုပ်ကုန်ရင် ခက်မယ်။"
"ဆရာတော်ဘုရား ဖြေရင် ရှင်းမယ်လို့ ထင်ပါတယ်၊ ဖြေပေးပါဘုရား။"
"အင်း ... ဖြေရမယ်ဆိုရင် ဘုန်းကြီးက ဗုဒ္ဓဘာသာလို့ ခေါ်တာကို လုံးဝမကြိုက်ပါ၊ ဗုဒ္ဓသာသနာလို့ ခေါ်မှ ကြိုက်ပါတယ်၊ (သို့) ဗုဒ္ဓဝါဒလို့ ခေါ်မှ ကြိုက်ပါတယ်"
"ဘာဖြစ်လို့ပါလဲ ဘုရား"
"ဘုန်းကြီးတို့ ပိဋကတ်တော်မှာ ဗုဒ္ဓဘာသာလို့ တွဲခေါ်တဲ့စကားလုံး တစ်လုံးမှ မရှိပါ၊ ဗုဒ္ဓသာသနာလို့ တွဲခေါ်တဲ့ စကားလုံးတွေတော့ အများကြီး ရှိတယ်။ 'ဗုဒ္ဓသာသန'ကို မြန်မာလိုပြန်ရင် 'ဗုဒ္ဓရဲ့ အဆုံးအမ' လို့ ပြန်တာကောင်းပါတယ်။ ဘုရားရဲ့ အဆုံးအမလို့ ပြန်ရင် အခြားဘုရားတွေနဲ့ ရောနှောသွားမှာ စိုးလို့ပါ၊ အဲဒီ ဗုဒ္ဓက ဘယ်လိုသာသန အဆုံးအမတွေ ပေးခဲ့လဲမေးရင် အချုပ်အားဖြင့် ပြောပြပါလား မေးရင် ဒီပါဠိဟာ အချုပ်ပါပဲ။
သဗ္ဗပါပဿ အကရဏံ၊
ကုသလဿ ဥပသမ္ပဒါ။
သစိတ္တ ပရိယောဒပနံ၊
ဧတံ ဗုဒ္ဓါန သာသနံ။ ... တဲ့"
"အဲဒီမှာ ဗုဒ္ဓါန သာသနံ-ဆိုတာ ဗုဒ္ဓသာသနာ-ဆိုတာပါပဲ၊ အဲဒီပါဠိကို မြန်မာမပြန်ဘဲ ရှစ်လုံးဘွဲ့နဲ့ ပြန်ကြည့် ရအောင်ပါ။"
အကုသိုလ်စု၊ မပြုရှောင်ခွာ၊
ကုသိုလ်အများ၊ ကြိုးစားစုံစွာ၊
မိမိစိတ်ရင်း၊ ပွတ်ဝင်းဖြူငှာ၊
ဤသုံးပါး၊ ဘုရားသာသနာ။ ... တဲ့"
"ဘုရားသာသနာဆိုတာ ဗုဒ္ဓသာသနာ၊ ဗုဒ္ဓအဆုံးအမကို ခေါ်တယ်၊ ဗုဒ္ဓတိုင်းရဲ့ အဆုံးအမကို ခေါ်ပါတယ်။ အဲဒီအဆုံးအမကို မြန်မာစကားပြေနဲ့ ပြောရရင် -
(၁) အကုသိုလ်မှန်သမျှ ဘာမှ မလုပ်နဲ့၊
(၂) ကုသိုလ်ကို စုံအောင်လုပ်၊
(၃) မိမိစိတ်ကို ဖြူစင်အောင်ထား။... တဲ့ "
"အဲဒီအဆုံးအမ သုံးမျိုးကို အကျယ်ချဲ့ရင် နိကာယ်ငါးရပ် ပိဋကတ်သုံးပုံ ဖြစ်လာပါတယ်။ အဲဒီအဆုံးအမ တစ်နည်းပြော ရရင် 'ဓမ္မဝိနယ'လို့ ပြောနိုင်ပါတယ်၊ ဓမ္မဝိနယနဲ့ သာသနသည် သဘောချင်းတူပါတယ်။ သာသန ကို တရားကိုယ်အချုပ်ကောက်ရင်- မဂ်လေးတန်၊ ဖိုလ်လေးတန်၊ နိဗ္ဗာန်ပရိယတ်ကို ကောက်ရသလို ဓမ္မဝိနယ-အရလည်း အဲဒီတရားတွေပဲ ကောက်ရပါတယ်။ အဲဒါကြောင့် ဘုန်းကြီးက ဗုဒ္ဓသာသနာ၊ ဗုဒ္ဓဝါဒလို့ ခေါ်တာပဲ ကြိုက် ပါတယ်။"
"မှန်ပါဘုရား၊ ဆက်ရှင်းပါဦး ဘုရား"
သူတို့ နားလည်သလို သူတို့ ဘာသာများနဲ့ တန်းတူထားပြီး သူတို့အခေါ်အတိုင်း ခေါ်ဝေါ်ရာမှ 'ဗုဒ္ဓဘာသာ' ဆိုတဲ့ အခေါ် ဖြစ်လာတာပါ၊ ရှင်းရှင်းပြောရရင် ဂျပ်ဆင်အဘိဓာန်မှ ဘာသာပြန်ဆိုချက်ကို နားယောင်ပြီး ခေါ်ရာမှ ဗုဒ္ဓဘာသာဆိုတဲ့ အသုံးအနှုန်း ပေါ်ပေါက်လာပါတယ်။"
"ဘာသာဆိုတာ တစ်ဆူတည်းသော ဘုရားကို ကိုးကွယ်တဲ့ ဘာသာကို ဘာသာလို့ ခေါ်ပါတယ်။ ဗုဒ္ဓဝါဒ ဗုဒ္ဓသာသနာက ဒီလို မဟုတ်ပါ၊ ဂင်္ဂါဝါဠု သဲစုမက ပွင့်တော်မူတဲ့ ဘုရားအများကို ယုံကြည်တဲ့ ဝါဒပါ။ တစ်ဆူတည်းသောဘုရားကို ကိုးကွယ်တဲ့ Religion ဘာသာမဟုတ်ခြင်းကြောင့် ဗုဒ္ဓဝါဒကို ဗုဒ္ဓဘာသာ-လို့ မခေါ်သင့်ပါ။ ဗုဒ္ဓဝါဒ၊ ဗုဒ္ဓသာသနာလို့သာ ခေါ်သင့်ပါတယ်။"
"အေး ... ဘာသာရေးဆိုတာ ထာဝရဘုရားသခင်နဲ့ ပြန်လည်ပူးပေါင်းရန် မှန်ကန်တဲ့နည်းလမ်းကို ခေါ်ပါတယ်။ ဗုဒ္ဓသာသနာ ဝါဒဟာ ထာဝရ ဘုရားသခင်နဲ့ ပြန်လည်ပူးပေါင်းရန် မှန်ကန်တဲ့ နည်းလမ်း ဟုတ်ရဲ့လား"
"မဟုတ်ပါဘုရား"
"အေး ... ဘာသာရေးဆိုတာ ရိုသေကိုင်းရှိုင်းမှု (သို့) ထာဝရ ဘုရားသခင်အား ဂုဏ်ပြုချီးကျုးမှုကို ခေါ်ပါတယ်၊ ဗုဒ္ဓဝါဒသည် အဲဒီလို မဟုတ်ပါ၊ ပြီးတော့ ဘာသာရေးဆိုတာ ထာဝရဘုရား၊ အတ္တဝိညာဏ်၊ ကောင်းကင်ဘုံ ဆုတောင်းပတ္ထနာတို့နဲ့ များစွာဆက်စပ်နေတဲ့ ယုံကြည်မှု တစ်ရပ်ကို ခေါ်ပါတယ်။ ဗုဒ္ဓဝါဒက ထာဝရဘုရား၊ အတ္တဝိညာဏ်၊ ကောင်းကင်ဘုံ ဆုတောင်းမှုကို လက်မခံလို့ ဗုဒ္ဓဘာသာ-လို့ မခေါ်သင့်ပါနော်"
"မှန်ပါဘုရား"
"အေး ... ဗုဒ္ဓဘာသာဝင်တွေ ဗုဒ္ဓကို ကိုးကွယ်တာက ဗုဒ္ဓရဲ့ ဂုဏ်တော်တွေကို ယုံကြည်ကိုးကွယ်တာပါ၊ ဘုရားရှင်ကို ကယ်တင်ရှင်အနေမျိုးနဲ့ ယုံကြည်တာ မဟုတ်ပါ၊ ကိုးကွယ်တာ မဟုတ်ပါ။ ပြီးတော့ ဗုဒ္ဓ သာသနာတော် မှာ ဗုဒ္ဓက ဆရာစား၊ ဗုဒ္ဓက လက်ဆုပ်၊ လက်ကိုင် လျှို့ဝှက်ထားတဲ့ 'အာစရိယမုဋ္ဌိ' မရှိပါ၊ ဗုဒ္ဓ ကျင့်သလို ကျင့်က ဗုဒ္ဓဖြစ်နိုင်တဲ့ နည်းလမ်းတွေ ထားခဲ့ပါတယ်။ ဗုဒ္ဓဝါဒ၊ ဗုဒ္ဓသာသနာက ဆုတောင်းသက်သက် ဝါဒမဟုတ်ပါ၊ ဆုတောင်းဘာသာ မဟုတ်ပါ။ ဆုတောင်းသက်သက်ဆိုရင် ဘာသာရေးလို့ ခေါ်ရပါတယ်။ ဒါဖြင့် ဗုဒ္ဓဝါဒ ဗုဒ္ဓသာသနာမှာ ဆုတောင်းမှု မရှိဘူးလား-ဆိုတော့ ရှိပါတယ်။ ဗုဒ္ဓဝါဒရဲ့ ဆုတောင်းမှုက ကိုယ်ပြုထားတဲ့ ကုသိုလ်ကံရဲ့ အကျိုးကို တောင်းယူတာပါ၊ ဘာမှမလုပ်ဘဲနဲ့ တောင်းတာမဟုတ်ပါ၊ ယခုအခါမှာ ဗုဒ္ဓဝါဒ၊ ဗုဒ္ဓ သာသနာဟာ ဘာသာရေးဆန်နေပြီနော်၊ သတိထားပါ။"
"မှန်ပါဘုရား"
"ဗုဒ္ဓဝါဒဟာ ပစ္စုပ္ပန်ကံ ပစ္စုပ္ပန် အကြောင်းအကျိုးတရားတွေကို ဦးစားပေးတဲ့ ဝါဒပါ။ ဗုဒ္ဓဟာ ကိုယ်တိုင်ဓမ္မကို ရှာဖွေပြီး ကိုယ်တိုင် ဗုဒ္ဓဖြစ်မှ ဗုဒ္ဓအဖြစ် ရောက်ပုံ လမ်းစဉ် ကျင့်စဉ်တွေပဲ ဟောခဲ့ပါတယ်၊ ဆုတောင်းဖို့ မဟော ခဲ့ပါ။ အဲဒီအဆုံးအမ လမ်းစဉ်တွေ မိမိတို့ ကိုယ်ကို မိမိတို့ အားကိုးပြီး အဆင့်ဆင့်သော ဝီရိယနဲ့ အားထုတ် ကျင့်ကြံဖို့သာ ဟောခဲ့ပါတယ်။ ဗုဒ္ဓဝါဒ၊ ဗုဒ္ဓသာသနာမှာ မေ့လျော့ ပေါ့တန်နေလို့ မရပါ၊ သတိတရား လက်ကိုင် ထားပြီး ကြိုးစား အားထုတ်ယူမှ ကိုယ်လိုရာ ရနိုင်ပါတယ်။ ဗုဒ္ဓသာသနာက ကိုယ်အကျိုးကိုယ်စံ၊ ကိုယ့်အပြစ် ကိုယ်ခံပါ၊ ဗုဒ္ဓက အကျိုးကိုလည်း မပေးပါ၊ အပြစ်ကိုလည်း မပေးပါ၊ ဒါကြောင့် ဗုဒ္ဓကို မကြောက်ရပါ။ ပြီးတော့ ဗုဒ္ဓသာသနာမှာ ဗုဒ္ဓကို နည်းပေးလမ်းညွှန်အဖြစ်နဲ့ အားထားယုံကြည်တဲ့ သဘောမျိုးပါ၊ မိမိကိုယ်ကို လုံးဝပုံ အပ် ပြီး အားကိုးတဲ့ သဘောမျိုး မဟုတ်ဘူးနော်"
"မှန်ပါဘုရား"
"ဗုဒ္ဓသာသနာမှာ ဗုဒ္ဓအတွက် ဘာမှလုပ်ပေးစရာ မလိုပါ၊ ဘာသာရေးမှာ ဘာသာဘုရားအတွက် လုပ်ပေးရပါ တယ်။ ဗုဒ္ဓသာသနာမှာ ဗုဒ္ဓက လမ်းညွှန်တဲ့ ကိစ္စပါ၊ ဗုဒ္ဓသာသနာဝင်တွေက လိုက်နာ ကျင့်ကြံရသူတွေပါ။ ဗုဒ္ဓဝါဒ၊ ဗုဒ္ဓသာသနာမှာ ကိုယ့်အတွက် ကိုယ်ကျင့်တာသည်ပင်လျှင် ဗုဒ္ဓကို အမြတ်ဆုံး ပူဇော်ခြင်းဖြင့် ပူဇော် တယ်လို့ ခေါ်ပါတယ်။"
"ဗုဒ္ဓဝါဒက အတ္တဟိတ = ကိုယ်ကျိုးကျင့်သက်သက်နဲ့ ပရဟိတ = သူတစ်ပါးအကျိုးသက်သက်ကျင့်တဲ့ဝါဒနှစ်ခုရဲ့ အလယ်က သွားတဲ့ အလယ်အလတ် လမ်းစဉ်ဝါဒပါ၊ သာသနာပါ၊ ဘာသာမဟုတ်ပါ။ ကဲ ဒီလောက်ဆိုရင် ရှင်း ပြီးလား။"
"ရှင်းပါပြီ ဘုရား"
အားလုံးသန္တာန်၊ အမြင်မှန်၊ လျင်မြန်ရစေသော် ...
(ဓမ္မဒူတ အရှင်ပညာဇောတ)
[၁၉၉၄ ခုနှစ်၊ မတ်လထုတ်၊ မြတ်ဆုမွန် မဂ္ဂဇင်း၊ စာ-၃၀]
မူရင်း အလင်းကမ္ဘာ
ဖတ်မိသမျှ ပြန်လည် မျှဝေသည်..
Saturday, 19 May 2012
Brush for photoshop
ဖိုတိုရှော့ သမား တွေ အတွက် အသုံးဝင်တဲ့  အရာလေးပါ..
မိမိကိုယ်ပိုင် ဒီဇိုင်းလေးများ ကို စိတ်ကြိုက်ဖန်တီးလို့ ရပါသည်
နောက်အဆင်ပြေရင် အသုံးပြုနည်းနဲ့ စာအုပ် တင်ပေးပါမည်..
စိတ်ဝင်စားသူများဒေါင်းလုပ် ရယူနိုင်ပါသည်..
အဆင်ပြေကြပါစေ ဗျာ..ဆန္ဒများစွာဖြင့် ဘလော့ဂါ ညီသူ
ဒေါင်းရန်..
part 1 ဒီမှာ
part 2 ဒီမှာ
Angry Bird ဂိမ်းအသစ်လေး
Angry Bird space အသစ်လေးလို့ ထင်တာ ပဲ Angry Bird ချစ်သူများ အတွက်ရည်ရွယ်ပြီး
တင်ပေးလိုက်ပါတယ် စိတ်ပါဝင်စားသူများ ဒေါင်းယူတော်မူကြပါရန်..
အဆင်ပြေကြပါစေ အထဲမှာ patch ဖိုင်လေးပါတယ်..လိုင်စင်ဗားရှင်းဖြစ်အောင်လုပ်လို့ ရပါသည်..
လိုင်စင်ဗားရှင်ဖြစ်အောင် ပြုလုပ်နည်းလေး တင်ထားပြီးပြီး ရှာဖွေအသုံးပြုနိုင်ပါသည်..
မသိသေးမရှိသေးတဲ့ လူများအတွက်ရည်ရွယ်ပါသည်..
ဆန္ဒများစွာဖြင့် ဘလော့ဂါ ညီသူ..
အောက်မှာ ဒေါင်းလိုက်ပါ...
G-talk မှာ အုပ်စု ဖွဲ့  ချက်တင်ထိုင် နည်း
Party Chat ဆိုတာက Gtalk မှာ အုပ်စုဖွဲ့ပြီး Chat လို့ရအောင် လုပ်ပေးတဲ့ service တစ်ခုပါ။ အားလုံးသိတဲ့အတိုင်း အရင်တုန်းက Gtalk မှာ တစ်ယောက်ချင်းစီကိုပဲ ပြောလို့ရတာမဟုတ်လား။ ဒီ Party Chat ကိုသုံးရင် အုပ်စုဖွဲ့ပြီး Chat လို့ရပါပြီ။ လုပ်နည်းလေးကတော့..
၁။ Gtalk ထဲကို login လုပ်ပါ။
၂။ ပြီးရင် partychat@gmail.com ကို invite လုပ်ပါ။ (partychat2, partychat3 စတာတွေကိုလည်း invite လုပ်လို့ရပါတယ်)
၃။ Partychat@gmail.com ဟာ ချက်ချင်း online ဖြစ်နေပါလိမ့်မယ်။
၎။ partychat နဲ့ စကားပြောဖို့ သူ့အပေါ်မှာ နှိပ်ပါ။
၅။ partychat ဟာ လူမဟုတ်ပါဘူး။ ဒါကြောင့် command တွေသုံးပြီး ပြောကြည့်ကြမယ်။
၆။ ရုပ်ရှင်အကြောင်း ပြောကြမဲ့ chat channel တစ်ခုဖန်တီးမယ်ဆိုပါစို့။ /make movies လို့ရိုက်လိုက်ပါ။ movies နေရာမှာ ကိုယ်ကြိုက်တဲ့ channel name ဖန်တီးလို့ရပါတယ်။
၇။ ဒါဆိုရင် channel လုပ်လို့ပြီးသွားပါပြီ။ အုပ်စုဖွဲ့ပြောချင်တဲ့ သူငယ်ချင်းတွေကိုလည်း partychat@gmail.com ကို invite လုပ်ခိုင်းပါ။
၈။ သူတို့ကိုတော့ ကိုယ်ဖန်တီးထားတဲ့ channel မှာ ၀င်ပြောနိုင်ဖို့အတွက် /join movies လို့ရိုက်ခိုင်းပါ။
၉။ ကဲ...အုပ်စုဖွဲ့ပြီး ပြောချင်သလောက် ပြောလို့ရပါပြီ။
အောက်မှာ Partychat မှာ ထပ်ပြီးသုံးလို့ရတဲ့ command တွေကို ရေးပြထားပါတယ်။
/create chat_name password - party chat တစ်ခုဖန်တီးရန်၊ password ပေးချင်ပါက chat_name နောက်မှာ space ပုတ်ပြီး password ပေးနိုင်ပါတယ်။
/join chat_name password - party chat တစ်ခုကို ဆက်သွယ်ရန်၊ ထို chat သည် password ပေးထားပါက chat_name နောက်တွင် space ပုတ်ပြီး password ထည့်ပြီး enter ခေါက်ပါ။
/exit - party chat ကနေ ထွက်ဖို့ပါ။
/list - chat ထဲမှာ ရှိနေတဲ့ လူအရေအတွက်ကို ကြည့်ရန်။
တခြားကျန်နေတဲ့ command တွေကိုတော့ /commands နဲ့ကြည့်နိုင်ပါတယ်။
အဆင်ပြေကြပါစေ..ဖတ်မိသမျှပြန်လည် မျှဝေသည်..
Thursday, 17 May 2012
Rcycler virus အား ရှင်းနည်း
မိမိရဲ့ ကွန်ပြူတာမှာ Recycler ဆိုတဲ့ Folder ကိုတွေ့ မြင်တတ်ရပါတယ်။ အလွယ်ပြောရရင်တော့ Delete လုပ်တဲ့ ဖိုင်တွေဟာက Recycle Bin ထဲမရောက်ပဲ သူ့ ထဲမှာ ရောက်နေတာ မျိုးပါ။ အဲဒီ Folder ကိုလည်းဖျတ်လို့ မရပါဘူး။
ဒီလို ဆက်လုပ်ဗျာ...။Unlocker ဆိုတဲ့ software ကိုအောက်မှာ download ချပြီး scan ပေးလိုက်ပါ။ ဖျက်လို့မရတဲ့ Folder ကို Right ကလစ်နှိပ်ပြီး Unlocker ဆိုတာကိုရွေးပေးပါ...။
ဒီမှာ  ဆော့ ဝဲလ် ဒေါင်းပါ..
ပုံမှာ ပြထားတဲ့အတိုင်း Delete ကိုရွေးပြီး OK ပေးလိုက်ပါ။ အဲဒါဆိုရင် အဆင်ပြေ သွားပါလိမ့်မယ်။ အားလုံးပဲ Virus ရန်က ကင်းဝေးနိုင်ကြပါစေ...။
Recycle Virus ရှင်းနည်း...(၁)
Recycle Virus ကြောင့် စိတ်ညစ်နေတဲ့ သူငယ်ချင်းများအတွက် ရှင်းရန်နည်းလမ်းလေးပါ...
ပထမအဆင့်အနေနဲ့
Ctrl + Alt + Del ကိုနှိပ်ပြီး Windows Task Manager ပြီးတဲ့အခါ Processes Tab ကိုသွားပါ။
CTFMON.EXE ရှာပြီး End Task လိုက်ပါ။ပြီးရင် Start Menu ထဲက CTFMON.EXE ကိုရှာပြီး ဖြတ်လိုက်ပါ။
ဒုတိယအဆင့် အနေနဲ့ကတော့
Run ကိုသွားပြီး cmd လိုရေးပြီး Enter ခေါက်လိုက်ပါ။အမဲရောင် Window တခုပေါ်လာပါလိမ့်မယ်။
ပြီးရင်အဲ့ဒီထဲမှာ ..
cd\ လို့ရေးပြီး Enter နှိပ်လိုက်ပါ။ attrib –r –s –h +a *.inf လို့်ရေးပြီး Enter နှိပ်လိုက်ပါ။
del autorun.inf လို့်ရေးပြီး Enter နှိပ်လိုက်ပါ။ attrib –r –s –h +a recycled လို့်ရေးပြီး Enter နှိပ်လိုက်ပါ။ cd recycled လို့်ရေးပြီး Enter နှိပ်လိုက်ပါ။ del *.* and confirm the deletion လို့ရေးပြီး Enter နှိပ်လိုက်ပါ။ cd\ လို့်ရေးပြီး Enter နှိပ်လိုက်ပါ။ rmdir recycled လို့်ရေးပြီး Enter နှိပ်လိုက်ပါ။
အပေါ်ကအဆင့်တွေကို ကျော်သွားပြီးဆိုရင် Recycler Virus ကပျောက်သွားပါ့လိမ့်မယ်။
မှတ်ချက်၊ ၊ အပေါ်က Code တွေတခါရေးပြီး ရင် Enter တခါခေါက်ပါ။
unlocker ကို နဲ့ အသုံးပြုနိုင်ပါတယ်...ခင်ဗျာ..
အားလုံး Virus ရန်မှ ကင်းဝေးနိုင်ကြပါစေ ခင်ဗျာ...
RECYCLER Virus ရှင်းလင်းနည်း (၂)
ပထမအဆင့်အနေနဲ့
Folder Option ထဲက View မှာ အောက်မှာဖော်ပြထားတဲ့ Item တွေကို Uncheck ပေးထားလိုက်ပါ...။
>>display the contents of system folders
>>hide extensions for known file types
>>hide protected operating system files (Recommended)
ပြီးရင် Apply > Ok
ဗိုင်းရပ်စ်က Registry ထဲထိ ၀င်နေမယ်ဆိုရင်တော့ ကွန်ပြူတာ ပြန်ဖွင့်တိုင်းမှာ အသက်ပြန်ဝင်နေမှာပဲဖြစ်ပါတယ်။ ဒါဆိုရင် Registry ထဲကိုဝင်ပြီး ပြင်ဖို့  လိုအပ်ပါတယ်...။ အဲဒါကြောင့်
>>Start>>Run>>regedit>>Enter
>>Registry Editor Box မှာ ဘယ်ဘက်မှာ HKEY_LOCAL_MACHINE>>SOFTWARE>>Microsoft>>Active Setup>>Installed Components
အထိရောက်အောင်သွားပြီးတော့ ဒီနာမည်နဲ့ folder ကို
{08B0E5C0-4FCB-11CF-AAX5-90401C608512} ဖျက်ပစ်ပါ...။
နောက်တစ်ခုကတော့
>>Start>>Run>>msconfig>>Enter
System Configuration Utility  ဆိုတဲ့ box ပေါ်လာမှာဖြစ်ပါတယ်...။
အဲ့ဒီ့က startup tab မှာ RECYCLER.exe ကိုရှာပြီး အမှတ်ခြစ်ထားတာကို ...ဖြုတ်ပေးပါ...။ နောက်ပြီး
အဲ့ဒီ့ဖိုင် ရှိတဲ့ လမ်းကြောင်းကိုကြည့်ပြီး အပေါ်က Regedit Editor မှာသွားဖျက်ပေးပါ...
RECYCLE Virus ရှင်းလင်းနည်း...(၃)
Recycler.exe ဗိုင်းရပ်စ်ဟာ jwgjvsq.vmx လို့အမည်ပေးထားတဲ့ worm-type အမျိုးအစားဗိုင်းရပ်စ်   ဖြစ်ပါတယ်။ အထူးသဖြင့် USB/portable Drives တို့က ကူးစက်သလို Network ကတစ်ဆင့် ပျံ့နှံ့လာတယ်လို့ သိရပါတယ်...။ ဖိုင်လ်ဒါနဲ့အတူ autorun.inf ဆိုတဲ့ ဖိုလ်ဒါတစ်ခုကိုလည်း သတိပြုမိပါလိမ့် မယ်...။ ၎င်း folder များကို Hidden လုပ်ဖျောက်ထားလို့ ပုံမှန်အားဖြင့် မမြင်ရပါ...။ ၎င်း Recycler folder ကို ထပ်ဖွင့်ကြည့်ရင် jwgkvsq.vmx ဆိုတဲ့ ဖိုင်ရှိပါတယ်...။ အဲဒီဒါဟာ ဗိုင်းရပ်စ်လား...၊ ဘယ်လိုကူးစက်   အောင်လုပ်ထားတယ်ဆိုတာ တော့ ဖိုင်ကိုဆက်ပြီး မဖွင့်ရဲလို့ မသိပါဘူး...။ Anti-virus ဆော့ဖ်ဝဲလ် အများစုက ၎င်းကို detect မလုပ်နိုင်သလို ဖျက်လို့လည်း မရပါ...။ အနီးဆုံးတူတဲ့ ဗိုင်းရပ်စ်များကို ရှာကြည့်တဲ့အခါ w32/confi, W32/Conficker.worm!inf, Win32/Conficker.B-CA လို့တွေ့ရပါတယ်...။
အဲ့ဒါမျိုးတွေ စက်ထဲ ကူးစက်နေပြီဆိုရင်....
၁) စက်ကသိသာစွာ လေးလံနှေးကွေးသွားမှာပါ...။
၂) Network ချိတ်ဆက်ထားတဲ့ ကွန်ပျူတာများကိုလည်း ကူးစက်ပါတယ်...။
၃) USB များသို့ ကူးစက်ပါတယ်...။ USB Port မှာလာတပ်တဲ့ USB Drive, Flash Drives, portable external hard drives, mobile phone, mp3 players စသည်တို့ကိုလည်း ကူးပါလိမ့်မယ်...။
ဘာတွေဖြစ်မလဲဆိုတော့ “Show Hidden Files and Folders” အလုပ်မလုပ်နိုင်တော့ပါ။ Tools/Folder Options/View (tab) က “Show hidden files and folders” ကိုရွေးချယ်လိုက်ပေမယ့် ပြန်ထွက်တဲ့အခါ “Do Not Show Hidden Files and Folders” ပြန်ဖြစ်သွားပါလိမ့်မယ်...။ ဒါဆိုရင် ဗိုင်းရပ်စ်ကူးနေပါပြီ...။
ကွန်ပျူတာမှာ ခုနကပြောတဲ့ Drives တပ်လိုက်တာနဲ့ autorun.inf ဖိုင်နဲ့ RECYCLER folder ကို တည်ဆောက်ပါလိမ့်မယ်...။ အဲဒီအထဲမှာ jwgkvsq.vmx virus ဖိုင်က တခါတည်းပါသွားမှာပါ ...။
အဲ့ဒီအကောင် ၀င်ရောက်ပြီး အချိန်ကြာလာတာနဲ့ အမျှ network သုံးလို့မရတော့ပါဘူး...တစ်ချို့ဆို အင်တာနက် လိုင်းတွေနဲ့ Viurs နဲ့ဆိုင်တဲ့ Website တွေတောင် ၀င်လို့မရတော့ဘူးလို့ဆိုပါတယ်...။
Safe Mode ၀င်ဖို့ ကြိုးစားတိုင်း ကွန်ပျူတာသည် Restart ပြန်ဖြစ်နေပါမယ်...။ဒါမှ မဟုတ် shutdown ဖြစ်သွားပါလိမ့်မယ်...။...... အဲဒီ့အကောင်ကိုဖြေရှင်းဖို့
အဆင့် (၁)
၁)“Fix Downadup.exe ”  တကယ်လို့ ဒေါင်းလို့မရရင်
၂)anti-Downadup-EN.zip
3) Process Explorer နဲ့ Autoruns လိုအပ်တဲ့ ဆော့ဖ်ဝဲတွေရပြီဆိုရင် ကွန်ပျူတာမှာ Network တွေဖြုတ်
ထားလိုက်ပါ...။ FixDownadup.exe ကို run ပါ...။ ၎င်းသည် ဗိုင်းရပ်စ်များကို ရှင်းထုတ်နိုင်ပါတယ်...။ Scanning လုပ်ပြီးတာနဲ့ Report ပေါ်လာပါလိမ့်မယ်...။ ၎င်း Report မှာ W32.Downadup ကိုအောင်မြင်စွာ ဖယ်ထုတ်ပြီးကြောင်း ဖေါ်ပြပါလိမ့်မယ်...။ ထို့အတူ ကွန်ပျူတာကို Restart ပြန်လုပ်ဖို့နဲ့ MS08-067 အတွက် Patch ကို တင်ပေးမယ်လို့ ပြပါမယ်...။ ကွန်ပျူတာကို Restart ပြန်လုပ်ပါ...။
အဆင့် (၂)
USB Device များမှ ဖယ်ထုတ်ခြင်း USBကနေ jwgkvsq.vmx ဗိုင်းရပ်စ်ကို သတ်ရပါအုံးမယ်...။ ကွန်ပျူတာကို Safe Mode နဲ့ဖွင့်ပါ...(F8)။  ပေါ်လာတဲ့ Menu ကနေ Safe Mode ကိုရွေးချယ်ပါ...။ USB Port မှာ USB Device ကိုတပ်ပါ...။ ရဲရဲသာတပ်လိုက်ပါ...Safe Mode မှာ autorun.inf ဖိုင်မပွင့်ပါဘူး...။ Tools/Folder Options/View(tab) ကနေ “Show Hidden Files and Folders” ကိုဖွင့်ပါ...။ Autorun.inf ဖိုင် သို့မဟုတ် folder ကို Shirt +Delete နဲ့ဖျက်ပါ...။ RECYCLER ဖိုလ်ဒါကိုလည်း ဖျက်ပါ။
အဆင့်(၃)
RECYCLER ကိုဖျက်ခြင်း
အထက်ဖေါ်ပြပါအတိုင်း ဆောင်ရွက်ရာမှာ RECYCLER ဖိုလ်ဒါကို ဖျက်မရပါက ၎င်းကိုအရင် Disable လုပ်ကြည့်ပါမယ်...။ Desktop ပေါ်က Recycle Bin (icon) ကို Right Click နှိပ်ပြီး Properties ကို ရွေးချယ်ပါ...။ ၎င်းတွင် “Configure Drives Independently” ကိုရွေးချယ်ပါ...။ ပြီးတော့ External Drive ရှိရာသို့ ပြောင်းပြီး “Do not move files to the recycle bin” ကိုရွေးချယ်ပါ။ Apply. OK လုပ်ပါ...။ အကယ်၍ Flash Drive ဖြစ်ပါက MoSo Force Delete ဆော့ဖ်ဝဲကို အသုံးပြုပြီး Delete လုပ်ပါ။
အဲ့ဒီ့နည်းတွေနဲ့မှ မရရင် Unlocker ကိုသုံးပြီး ဖျက်ပစ်ပါ...။
အဆင့် (၄ )
Registry
Run (box) မှာ regedit လို့ရိုက်ထည့်ပြီး Registry Editor သို့ဝင်ပါ...။ Jwgkvsq.vmx ဖိုင်အမည်ကို ရှာပါ...။ တွေ့ရင် Right Click လုပ်ပြီး Delete လုပ်ပါ...။ တကယ်လို့ သင့်ကွန်ပျူတာမှာ Network ရှိတယ်ဆိုရင် အခြားဆက်သွယ်ထားတဲ့ ကွန်ပျူတာအားလုံးကိုလည်း စစ်ဆေးသင့်ပါတယ်...။ ဒါမှမဟုတ်ရင် သင့်ကွန်ပျူတာကို ဗိုင်းရပ်စ်ပြန်ကူးဖို့ လွယ်ကူနေပါလိမ့်မယ်။ အားလုံးကို အဆင့်အတိုင်းသွားပါ...။ အရင်တင်ပေးတာတွေနဲ့လည်း စမ်းသပ်နိုင်ပါတယ်...ကဲ သူငယ်ချင်းတို့ Virus နှင့် နပန်းလုံးခြင်းမှ ကင်းဝေးနိုင်ကြပါစေဗျာ.....
ref:naing-diary.blogspot.com
ဝင်းကမ္ဘာကျော် ဆိုဒ်မှ ဖတ်မိသမျှ ပြန်လည်မျှဝေသည်..အဆင်ပြေကြပါစေဗျာ..
ဆော့ဝဲလ်များကို လိုင်စင် ဗားရှင်း ဖြစ်အောင် ပြုလုပ်ခြင်း
ညီနေမင်း ဆိုဒ် မှ တင်ထားသည် များကို ပြန်လည်မျှဝေ သည်..
ဒီမှာ
ဆိုတဲ့စာသားလေးကို
နှိပ်ပြီး ဗီဒီယို ဖိုင်လေး ကို ၀င်ဒေါင်း လိုက်ပါ..
ဒီမှာ
ဒီမှာ
ဒီမှာ
အဆင်ပြေကြပါစေ..တွေ့ မိ ဖတ်မိသမျှ ပြန်လည်မျှ ဝေခြင်းဖြစ်ပါသည်..
မူရင်း ညီနေမင်း
Angry Birds ဂိမ်း (2)
ကဲနောက်တစ်မျိုး ပေါ့  သူလဲ Angry Birds ဂိမ်းပါပဲ..
စိတ်ဝင်စားတယ်ဆိုရင် ဒေါင်းပေါ့ ဗျာ...
မသိသေးမရှိသေး တဲ့  သူများ အတွက် ရည်ရွယ် ပါသည်..
ဒီမှာ
ဆိုတဲ့ စာသားလေးကို နှိပ်ပြီး ဒေါင်းလိုက်ပါ..အဆင်ပြေကြပါစေ..ဆန္ဒများစွာဖြင့် ဘလော့ဂါ ညီသူ
Angry Birds ဂိမ်း (1)
ကမ္ဘာလူကြိုက်များ ဆုံး ဂိမ်းလေးတစ်ခု ပေါ့ 
ညီ ဘော်ကယ် တစ်ယောက် ဆီ က တွေ့ လို့ မ လာတာ
စိတ်ပါဝင်စားသူများ ရှိရင် ဒေါင်းယူနိုင်ပါသည်..
မသိသေးမရှိသေးတဲ့  လူများအတွက် ရည်ရွယ်ပါသည်..
ဒီမှာ
ဆိုတဲ့ စာသားလေးကို နှိပ်ပြီး ဒေါင်းလိုက်ပါ..အဆင်ပြေကြပါစေ ဆန္ဒများစွာဖြင့် ဘလော့ဂါ ညီသူ
Tuesday, 15 May 2012
Photoshop tool အကြောင်း စာအုပ်
ဖိုတိုရှော့ သမား အတွက် ပါ စိတ်ဝင်စား ဆန္ဒရှိရင်ဒေါင်းပေါ့ ဗျာ
မသိသေး မရှိသေးတဲ့ လူများအတွက် ရည်ရွယ်ပါသည်..
အဆင်ပြေကြပါစေ..ဆန္ဒများစွာဖြင့်  ဘလော့ဂါ ညီသူ
ဒီမှာ
ဆိုတဲ့ စာသားလေးကို နှိပ်ပြီးဒေါင်းလိုက်ပါ
Sunday, 13 May 2012
Business Card Designer Plus v10.2
Business Card ဖန်တီး ချင်သူများအတွက် ဆော့ ဝဲလ်လေး
စိတ်ဝင်စားရင်ဒေါင်းပေါ့ ဗျာ..မသိသေး မရှိသေးတဲ့ လူများ အတွက် ရည်ရွယ်ပါသည်..
အဆင်ပြေကြပါစေ..ဆန္ဒများစွာဖြင့် ဘလော့ဂါ ညီသူ
ဒီမှာ
ဆိုတဲ့ စာသားလေးကို နှိပ်ပြီးဒေါင်းလိုက် ပါ..
Start ဆိုတဲ့ စာလုံးလေးကို ကိုယ့်စိတ်ကြိုက်စာလုံးပြောင်းရအောင်
ပထမဦးဆုံး Desktop မှာ Temp ဆိုတဲ့ နာမည်နဲ့ ယာယီ Folder တစ်ခုတည်ဆောက်ပါမယ် .. ။ ပြီးတော့ C:\WINDOWS ထဲက explorer.exe ကို Temp ထဲကို ကူးယူပါမယ် .. ။ ပြီးရင် .. Resource Hacker Software ကို ဖွင့်ပါ .. ။ File --> Open ကနေ Temp ထဲက explorer.exe ကို ဖွင့်ပါ။ အဲဒီအခါ Resource Hacker ထဲက ဗယ်ဘက် tree view ထဲမှာ .. Bitmap .. Icon .. Menu .. Dialog .. String Table .. Accelerators စသဖြင့် ပေါ်လာတာတွေ့ရပါမယ် .. ။ အဲဒီထဲက String Table ဆိုတဲ့ Folder ကို ဖွင့်ပါ .. ။ String Table ထဲက 37 ဆိုတဲ့ Folder ကို ဖွင့်ပါ .. ။ အဲဒီထဲမှာ .. 1033 ဆိုတဲ့ String Resource တစ်ခုကို တွေ့ရပါမယ် .. ။ အဲဒီ Resource ကို ဖွင့်ပါ .. ။ Offset 578 မှာ "Start" ဆိုတဲ့ စာလုံးကို တွေ့ရပါမယ် .. ။ အဲဒီစာလုံး ကို ဖျက်ပြီး .. စိတ်ကြိုက်စာလုံး အစားထိုးပါ .. ။ အစားထိုးပြီးရင် .. Resource Hacker ရဲ့ ညာဘက်အပေါ်ဘက်မှာ Compile Script ဆိုတဲ့ ခလုပ်ကလေး ကို နှိပ်ပါ .. ။ ပြီးရင် .. File --> Save လုပ်ပါ .. ။ Resource Hacker ကို ပိတ်ပြီး .. Temp Folder ထဲကို ကြည့်ရင် .. explorer.exe_original နဲ့ explorer.exe ဆိုပြီး file နှစ်ခု တွေ့ပါလိမ့်မယ် .. ။ explorer.exe ကို explorer2.exe လို့ နာမည်ပြောင်းလိုက်ပါ .. ။ ပြီးရင် .. C:\WINDOWS folder ထဲကို ကူးထည့်ပေးလိုက်ပါ .. ။ Run-->regedit ကနေ registry editor ကို ဖွင့်ပါ .. ။
My Computer\HKEY_LOCAL_MACHINE\SOFTWARE\Micorsoft\Windows NT\CurrentVersion\Winlogon အထိ ဖွင့်ပါ .. ။ Winlogon ကိုရောက်ရင် .. ညာဘက် panel ထဲမှာ shell ဆိုတဲ့ String Value တစ်ခုကို ရှာပြီး Right Click နှိပ်ပြီး modify ကိုရွေးပါ .. ။ အဲဒီအခါ Edit String dialog box တစ်ခုပေါ်လာပါလိမ့်မယ် .. ။ Value data ထဲမှာ Explorer.exe နေရာမှာ .. Explorer2.exe လို့ ပြောင်းပေးပြီး OK နှိပ်ပြီး .. registry Editor ကို ပိတ်နိုင်ပါပြီ .. ။ ပြီးရင် .. System ကို Restart ပေးလိုက်ပါ .. ။ Windows ပြန်တက်လာရင် .. Task bar က Start button လေးကို ကြည့်လိုက်ပါ .. ။ စိတ်ကြိုက်စာလုံးလေးဖြစ်နေပါပြီ .. ။
ဖတ်မိသမျှပြန်လည်မျှဝေသည်..အဆင်ပြေကြပါစေ
Control Panel ကို ပိတ်ထားဖျောက်ထားချင်ရင်
Start --> Run ကိုခေါ်ပြီး Regedit လို့ရိုက်ထည့်ပါ။ Registry Editor ပေါ်လာပါလိမ့်မယ်။ အဲဒီမှာ
HKEY_LOCAL_MACHINE\Software\Microsoft\Windows\CurrentVersion\Policies\Explorer ကိုသွားပါ။
Dword Value တစ်ခုထပ်ဖြည့်ပါရမယ်။ Value Name က NoControlPanel လို့ဖြည့်ပါမယ်။ Data Value က (0=disable, 1=enable)ပါ။
Control Panel ကိုပိတ်ထားချင်ရင် Data Value 1 ပေးရပါမယ်။ ပြန်ဖွင့်ချင်ရင် 0 ပေးရပါမယ်။
ဖတ်မိသမျှပြန်လည်မျှဝေသည်..အဆင်ပြေကြပါစေ
Start Meun က All Programs ကို ဖျောက်ထားချင်ရင်
Start --> Run ကိုခေါ်ပြီး Regedit လို့ရိုက်ထည့်ပါ။ Registry Editor ပေါ်လာပါလိမ့်မယ်။ အဲဒီမှာ
HKEY_LOCAL_MACHINE\Software\Microsoft\Windows\CurrentVersion\Policies\Explorer ကိုသွားပါ။
Dword Value တစ်ခုထပ်ဖြည့်ပါရမယ်။ Value Name က NoStartMenuMorePrograms လို့ဖြည့်ပါမယ်။ Data Value က (0=disable, 1=enable)ပါ။
All Programs Button ကိုပိတ်ထားချင်ရင် Data Value 1 ပေးရပါမယ်။ ပြန်ဖွင့်ချင်ရင် 0 ပေးရပါမယ်။
ဖတ်မိသမျှပြန်လည်မျှဝေသည်..အဆင်ပြေကြပါစေ
Task Bar မှာ Right Click နှိပ်လို့မရအောင်
Start --> Run ကိုခေါ်ပြီး Regedit လို့ရိုက်ထည့်ပါ။ Registry Editor ပေါ်လာပါလိမ့်မယ်။ အဲဒီမှာ
HKEY_LOCAL_MACHINE\Software\Microsoft\Windows\CurrentVersion\Policies\Explorer ကိုသွားပါ။
Dword Value တစ်ခုထပ်ဖြည့်ပါရမယ်။ Value Name က NoTrayContextMenu လို့ဖြည့်ပါမယ်။ Data Value က (0=disable, 1=enable)ပါ။
Tray Context Menu ကိုပိတ်ထားချင်ရင် Data Value 1 ပေးရပါမယ်။ ပြန်ဖွင့်ချင်ရင် 0 ပေးရပါမယ်။
ဖတ်မိသမျှပြန်လည်မျှဝေသည်..အဆင်ပြေကြပါစေဗျာ
Desktop မှာ Right Click နှိပ်လို့မရအောင် ..
Start --> Run ကိုခေါ်ပြီး Regedit လို့ရိုက်ထည့်ပါ။ Registry Editor ပေါ်လာပါလိမ့်မယ်။ အဲဒီမှာ
HKEY_LOCAL_MACHINE\Software\Microsoft\Windows\CurrentVersion\Policies\Explorer ကိုသွားပါ။
Dword Value တစ်ခုထပ်ဖြည့်ပါရမယ်။ Value Name က NoViewContextMenu လို့ဖြည့်ပါမယ်။ Data Value က (0=disable, 1=enable)ပါ။
Desktop Context Menu ကိုပိတ်ထားချင်ရင် Data Value 1 ပေးရပါမယ်။ ပြန်ဖွင့်ချင်ရင် 0 ပေးရပါမယ်။
ဖတ်မိသမျှ ပြန်လည်မျှဝေသည်..အဆင်ပြေကြပါစေ
ထူးခြားဆန်းပြားနည်းပညာများ