Saturday, 19 January 2013
IDM နဲ့ ဖိုင်ကိုယ်လိုချင်တဲ့ဖိုင်အမျိုးအစားများကို Download လုပ်နည်း
Internet Download Manager ဟာ Download လုပ်ရာမှာ ထင်ရှားလှတဲ့ Software တစ်ခုအဖြစ် လူတိုင်း သိပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေ သူက Support မပေးတဲ့ဖိုင်တွေရှိနေတတ်ရင် Windows ရဲ့ Default Download အဖြစ်နဲ့ပဲ နှေးနှေးလေး ဒေါင်းရတတ်ပါတယ်။ Internet Download Manager မှာ တကယ်တော့ ဒေါင်းချင်တဲ့ ဖိုင်အမျိုးအစားများကို ဖြည့်ပေးလိုက်ရင် သူကဒေါင်းပေးမှာပါ။
ကဲ ဒီလိုလုပ်ရအောင်ဗျာ...
1.Internet Download Manager ကိုဖွင့်လိုက်ပါ။
2.Tool Bar ပေါ်မှာ Option ဆိုတာလေးတွေ့လားခင်ဗျာ... စက်သွားနှစ်ခု Icon လေးလေ... အဲဒါကိုနှိပ်လိုက်ပါ။
3.ကျလာတဲ့ဘောက်ထဲက File Type ဆိုတဲ့ Tab ကိုနှိပ်လိုက်ပါ။ ပုံမှာ ပြထားတဲ့နေရာလေးမှာ ကိုယ်ဒေါင်းချင်တဲ့ ဖိုင်အမျိုးအစားကို ရေးထည့်လိုက်ပါ။ အမျိုးအစားတစ်ခုနှင့် တစ်ခုကြားမှာတော့ Space bar ခြားထားဖို့ မမေ့စေချင်ပါဘူးခင်ဗျာ...
ကဲဒါဆိုရင်တော့ Internet Download Manager က ကိုယ်လိုချင်တဲ့ဖိုင်အမျိုးအစားကို သိသွားပါပြီ...
အဆင်ပြေပါစေ....မူရင်း မောင်ပေါက်
Labels:
ဒေါင်းလုပ် လုပ်နည်းများ
Subscribe to:
Post Comments (Atom)


No comments:
Post a Comment